Powered by Blog - Widget

Monday, September 8, 2014

Intel က သူ၏ ပထမဆုံး စမတ်လက်ကောက်ကို ပြသ



Aung Ko Htet (MM IT Knowledge)

Intel က အမျိုးသမီးများအတွက် ဒီဇိုင်းထုတ်လုပ်ထားသော သူ၏ ပထမဆုံး စမတ်လက်ကောက်ကို ပြသလိုက်ပါသည်။ ဖက်ရှင် ကုမ္ပဏီ ဖြစ်သော Opening Ceremony နှင့် ပူးပေါင်း တီထွင်ခြင်းဖြစ်ပြီး စမတ်လက်ကောက်ကို MICA or “ My Intelligent Communication Accessory” ဟု အမည်ပေးထားပါသည်။

MICA သည် SMS Message, Calendar Reminder , Meeting များနှင့် ပတ်သက်သော Notification များကို သူ၏ သလင်းကျောက် ထိတွေ့မျက်နှာပြင်ကွေးတွင် ပြသပေးမည် ဖြစ်သည်။ စမတ်ဖုန်းနှင့် ချိတ်ဆက်ရန် မလိုဘဲ 3G ဆက်သွယ်မှု ပါရှိပါသည်။ ကြိုးမဲ့ အားသွင်းနိုင်သကဲ့သို့ USB ကြိုးဖြင့် အားသွင်းနိုင်ပါသည်။ Intel က အောက်တိုဘာလတွင် စမတ်လက်ကောက်၏ အသေးစိတ်အချက်အလက်များကို ကြေညာမည်ဟု သိရပါသည်။

MICA ကို အဖြူနှင့် အနက်ရောင်နှစ်မျိး ထုတ်လုပ်ရောင်းချမည် ဖြစ်သည်။ ဈေးနှုန်းအားဖြင့် ဒေါ်လာ တစ်ထောင် ၀န်းကျင် ကျသင့်မည် ဖြစ်သည်။ Intel က Chip ထုတ်လုပ်သည့် လုပ်ငန်းအပြင် ချပ်ဝတ်တန်ဆာကွန်ပြူတာ နယ်ပယ်သို့ ခြေလှမ်းပြင်နေခြင်း ဖြစ်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။


Credit to MDG

0 comments:

Post a Comment