Powered by Blog - Widget

Thursday, September 18, 2014

ZTE က ဈေးနှုန်း သက်သာသော အရွယ်ကြီး စမတ်ဖုန်း ZMax ကို ကြေညာ


Aung Ko Htet (MM IT Knowledge)


တရုတ် စမတ်ဖုန်း ထုတ်လုပ်သူ ZTE က အမေရိကန်တွင် ZMax ဟု အမည်ပေးထားသော Android Phablet ကို T-Mobile မှ ရောင်းချမည်ဟု ကြေညာလိုက်ပါသည်။ ၅.၇ လက်မအရွယ် ဈေးသက်သာသော စမတ်ဖုန်း ဖြစ်ပြီး စက်တင်ဘာလ ၂၄ ရက်နေ့တွင် စတင်ရောင်းချမည် ဖြစ်သည်။ စာချုပ်အလွတ် ၀ယ်ယူလျှင် ဒေါ်လာ ၂၅၂ ဖြစ်ပါသည်။ စာချုပ်ဖြင့် ၀ယ်ယူလျှင် တစ်လလျှင် ၁၀.၅၀ ဒေါ်လာဖြင့် ၂၄ လပေးသွင်းရမည် ဖြစ်သည်။

ZTE ZMax တွင် 1.2GHz Quad-Core CPU တပ်ဆင်ထားသော Qualcomm Snapdragon 400 Chipset ဖြင့် မောင်းနှင်လည်ပတ်မည် ဖြစ်သည်။ 2GB RAM , 16GB Internal Storage ပါရှိပါသည်။ MicroSD Card အသုံးပြုနိုင်ပါသည်။

၅.၇ လက်မ LCD တပ်ဆင်ထားပြီး Resolution မှာ 1280x720 ဖြစ်ပါသည်။ အနောက်ဘက်တွင် 1080p Video များကို ရိုက်ကူးပေးနိုင်သော 8MP Camera နှင့် မျက်နှာချင်းဆိုင်တွင် 1.6MP Camera တပ်ဆင်ထားပါသည်။

3400mAh Battery ပါရှိပါသည်။ Android 4.4.2 KitKat ကို အသုံးပြုထားပါသည်။ စွမ်းဆောင်ချက်များ အနေဖြင့် အသံဆူညံမှုကို ဖယ်ရှားပေးနိုင်သော မိုက်ကရိုဖုန်း နှစ်ခု တပ်ဆင်ထားပါသည်။

အဆိုပါ စမတ်ဖုန်းသည် ZTE ၏ အမေရိကန် ဈေးကွက်ကို ထိုးဖောက်နေမှုကို ထပ်မံ ပြုလုပ်လိုက်ခြင်း ဖြစ်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။ Gartner ၏ စစ်တမ်းအရ ZTE သည် ကမ္ဘာ့ ပဉ္စမ အကြီးဆုံး စမတ်ဖုန်း ထုတ်လုပ်သူဖြစ်ပြီး ဈေးကွက် ဝေစု ၃.၃ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါသည်။


Myanmar Digital Life Journal

0 comments:

Post a Comment