Powered by Blog - Widget

Wednesday, September 10, 2014

General Motors က Cadillac’s 2017 CTS မော်တော်ကားများတွင် ယာဉ်အချင်းချင်း ဆက်သွယ်စကားပြောနိုင်သော နည်းပညာ ထည့်သွင်းမည်



Aung Ko Htet (MM IT Knowledge)
 
မော်တော်ကား အချင်းချင်း ဆက်သွယ်စကားပြောနိုင်သော Vehicle-to-Vehicle သို့မဟုတ် V2V နည်းပညာကို သုတေသန ပညာရှင်များက တီထွင်နေပြီး ယခုအခါ အနာဂတ်ကားများတွင် ထည့်သွင်းပေးမည်ဟု အတည်ပြုပြောကြားပါသည်။

Detroit တွင် ကျင်းပသော Intelligent Transport System World Congress တွင် General Motors ၏ CEO ဖြစ်သူ Mary Barra က Cadillac 2017 CTS ကားများမှ စတင်၍ အဆိုပါ နည်းပညာကို နှစ်နှစ်ဝန်းကျင်ခန့်တွင် ထည့်သွင်းပေးမည်ဟု ပြောပါသည်။

အဆိုပါ နည်းပညာကို စားသုံးသူများက အလိုရှိကြသဖြင့် တီထွင်ရခြင်းဖြစ်ကြောင်း Barra က ပြောပါသည်။
V2V နည်းပညာသည် Google နှင့် ကားထုတ်လုပ်သူများ ရှေ့တန်းတင် တီထွင်နေသော အလိုအလျှောက်မောင်းနှင်သော ကားများကဲ့သို့ လူသိများခြင်း မရှိဟု သိရပါသည်။

V2V သည် ကားကို အလိုအလျှောက် မောင်းနှင်ပေးနိုင်ခြင်းမရှိသော်လည်း ယာဉ်မောင်းသူကို မော်တော်ယာဉ် အခြေအနေများကို ပံ့ပိုးပေးနိင်ရန် Sensor များ၏ အကူအညီဖြင့် မော်တော်ယာဉ်အချင်းချင်း ဆက်သွယ်စကားပြောကြမည် ဖြစ်သည်။

အဆိုပါ နည်းပညာကို အသုံးပြုသည့်ကားများသည် အနီးအနားတွင် ရှိသော ကားများ၏ တည်နေရာကို သိရှိသဖြင့် ယာဉ် အန္တရာယ်များ မဖြစ်ပေါ်စေရန် ယာဉ်မောင်းသူများကို သတိပေးနိုင်ပါသည်။

Barra က Cadillac ၏ စနစ်ကို အသေးစိတ် မပြောသော်လည်း GM က စမ်းသပ်သည့် ကားများ၏ ဓါတ်ပုံများကို ပြသရာတွင် ယာဉ်မောင်းသူကို သတင်းအချက်အလက်များ ပံ့ပိုးပေးရန် Display တစ်ခုကို အလယ်ဗဟိုတွင် တပ်ဆင်ထားသည်ကို တွေ့ရပါသည်။ V2V နည်းပညာ တပ်ဆင်ထားသော မော်တော်ကားကို စမ်းသပ်ရာတွင် အသံနှင့် အရုပ်များကို အသုံးပြု၍ ယာဉ်မောင်းသူကို သတိပေးနိုင်ကြောင်း သိရပါသည်။


credit to MDL

0 comments:

Post a Comment