Powered by Blog - Widget

Monday, September 8, 2014

Sony က SmartWatch 3 နှင့် SmartBand Talk တို့ကို မိတ်ဆက်



Aung Ko Htet (MM IT Knowledge)


Sony က ချပ်ဝတ်တန်ဆာ ကွန်ပြူတာ နှစ်မျိုးဖြစ်သည့် SmartWatch 3 စမတ်နာရီနှင့် SmartBand Talk စမတ်လက်ပတ်တို့ကို ဘာလင်တွင် ကျင်းပသည့် IFA နည်းပညာပြပွဲတွင် ကြေညာလိုက်ပါသည်။

SmartWatch 3 သည် Android Wear OS ကို အသုံးပြုထားသည့် Sony ၏ ပထမဆုံး စမတ်နာရီ ဖြစ်ပါသည်။ SmartBand Talk သည် ဖုန်းပြောဆိုနိုင်သည့် စွမ်းဆောင်ချက်ကို Sony ၏ ကိုယ်လက်ကြံ့ခိုင်ရေးကို တိုင်းတာသည့် SmartBand လက်ပတ်တွင် ထည့်သွင်းပေးလိုက်ခြင်း ဖြစ်ပါသည်။
SmartWatch 3 တွင် ၁.၆ လက်မ 320x320pixels Resolution Display ပါရှိပါသည်။ Quad-Core 1.2GHz Processor, 512MB RAM, 4GB Internal Storage ပါရှိပါသည်။ 420mAh Battery က Standby အသုံးပြုလျှင် လေးရက် အသုံးခံပြီး သာမာန် အသုံးပြုလျှင် နှစ်ရက် အသုံးခံပါသည်။

SmartWatch 3 သည် အသုံးပြုသူ၏ အိပ်စက်မှုကို အလိုအလျှောက် သိနိုင်သည်ဟု Sony က ပြောပါသည်။ ယခင်မျိုးဆက်များကဲ့သို့ စမတ်ဖုန်းနှင့် ချိတ်ဆက်ရန် မလိုဘဲ သီချင်းများ နားထောင်နိုင်သကဲ့သို့ ကိုယ်လက်လှုပ်ရှားမှုများကို တိုင်းတာပေးနိုင်ပါသည်။

အနက်ရောင်၊ ပန်းရောင်၊ အဖြူရောင်များ ထုတ်လုပ်ပေးထားပါသည်။ အနောက်ဘက်ကို စတီးကိုယ်ထည်ဖြင့် ဖုံးအုပ်ထားပါသည်။ အားသွင်းရန် Micro-USB နှင့် NFC ဆက်သွယ်မှုများ ပါရှိပါသည်။
စမတ်နာရီကို Android 4.3 နှင့် သူ့အထက် စမတ်ဖုန်းများနှင့် ချိတ်ဆက်နိုင်ပါသည်။ Sony ၏ Lifelog App နှင့် တွဲဖက် အသုံးပြုနိုင်ပါသည်။

SmartBand Talk ဖြင့် ဖုန်းပြောဆိုနိုင်သကဲ့သို့ အသံဖြင့် ခိုင်းစေနိုင်ပါသည်။ ခြေလှမ်းများ၊ အိပ်စက်မှုများနှင့် ကယ်လိုရီလောင်ကျွမ်းမှုများ စသည့် ကိုယ်လက်လှုပ်ရှားမှုများစွာကို တိုင်းတာပေးနိုင်ပါသည်။ ၁.၄ လက်မ e-ink Display တပ်ဆင်ထားပါသည်။ Android 4.4 KitKat ကို မောင်းနှင်လည်ပတ်မည် ဖြစ်သည်။

Device နှစ်ခုစလုံးသည် ရေစိုခံပြီး ဖုန်မှုန့်များ မ၀င်အောင် ကာကွယ်ထားပါသည်။ SmartWatch 3 ကို ယူရို ၂၂၉ ၊ SmartBand Talk ကို ယူရို ၁၅၉ ဖြင့် ရောင်းချမည် ဖြစ်သည်။

1 comment:

  1. Sony က Smartwatch 3 နှင့် Smartband Talk တို့ကို မိတ်ဆက် ~ Myanmar It Knowledge >>>>> Download Now

    >>>>> Download Full

    Sony က Smartwatch 3 နှင့် Smartband Talk တို့ကို မိတ်ဆက် ~ Myanmar It Knowledge >>>>> Download LINK

    >>>>> Download Now

    Sony က Smartwatch 3 နှင့် Smartband Talk တို့ကို မိတ်ဆက် ~ Myanmar It Knowledge >>>>> Download Full

    >>>>> Download LINK HJ

    ReplyDelete