Powered by Blog - Widget

Monday, September 8, 2014

Samsung က စီးပွားရေး လုပ်ငန်းများတွင် အသုံးပြုရန် ဒီဇိုင်းထုတ်ထားသော အကြမ်းခံ Galaxy Tab Active တက်ဘလက်ကို ကြေညာSamsung က စီးပွားရေး လုပ်ငန်းများတွင် အသုံးပြုရန် ဒီဇိုင်းထုတ်ထားသော အကြမ်းခံ Galaxy Tab Active တက်ဘလက်ကို ကြေညာ



Aung Ko Htet (MM IT Knowledge)

Samsung က Galaxy Tab Active သည် လုံခြုံရေးကို အဓိက အာရုံစိုက်ထားပြီး စီးပွားရေးလုပ်ငန်းများတွင် သုံးရန် ထုတ်လုပ်ပေးထားသည်ဟု ပြောပါသည်။


အကြမ်းခံသည့် ကာဗာကို တပ်ဆင်ထားပြီး အမြင့် ၁.၂ မီတာမှ ပြုတ်ကျသည့် ဒဏ်ကို ခံနိုင်ပါသည်။ ဖုန်များ မ၀င်အောင် ကာကွယ်ပေးနိုင်ပြီး ရေစိုခံနိုင်ပါသည်။ Galaxy Note များ၏ S Pen ကဲ့သို့ C Pen ပါရှိပါသည်။ ကညစ်တံကို အကြမ်းခံ ကာဗာ၏ ထိပ်တွင် တပ်ဆင်ထားပါသည်။

Apps များနှင့် စာရွက်စာတမ်းများကို လုံခြုံစွာ သိမ်းပေးနိုင်သော Knox ၀န်ဆောင်မှုကို ထည့်သွင်းပေးထားပါသည်။

Active တွင် 1.2GHz Quad-Core Processor တပ်ဆင်ထားပါသည်။ ရှစ်လက်မအရွယ် 1280x800 Pixel Resolution Display ပါရှိပါသည်။ Android 4.4 KitKat ကို အသုံးပြုထားပါသည်။ အနောက်ဘက်တွင် 3.1 MP Camera နှင့် မျက်နှာချင်းဆိုင်တွင် 1.2 MP Camera တပ်ဆင်ထားပါသည်။ 16GB Internal Storage နှင့် MicroSD Card အသုံးပြုနိုင်ပါသည်

 

0 comments:

Post a Comment