Powered by Blog - Widget

Tuesday, September 16, 2014

Mate Desktop ကို Ubuntu 14.04 တွင် ထည့်သွင်းခြင်း


Aung Ko Htet (MM IT Knowledge)

Ubuntu OS 14.04 အသုံးပြုသူတွေ အနေနဲ့ သွင်ပြင်ထူးခြားပြီး သုံးစွဲရလွယ်ကူတဲ့ Ubuntu Mate Desktop ကို ထည့်သွင်း အသုံးပြုချင်တယ်ဆိုရင် အလွယ်တကူနဲ့ ထည့်သွင်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Ubuntu Mate ကို အသုံးပြုချင်သူတွေ အနေနဲ့ Ubuntu OS 14.04 ပေါ်ကနေ ထည့်သွင်းပြီး အသုံးပြုနိုင်မယ့်နည်းလမ်း ဖြစ်ပါတယ်။

Ubuntu Mate ကို ထည့်သွင်းဖို့ အတွက်ဆိုရင် Ubuntu OS System ရဲ့ Package တွေကို ပထမဦးဆုံး Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင်  Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံ လုပ်ပေးရပါမယ်။

နောက်တစ်ဆင့်ကတော့ Ubuntu Mate ကို Install ပြုလုပ်ဖို့အတွက် ဖော်ပြပါ Command တွေကို တစ်ခုချင်း ရိုက်ထည့်ရမှာဖြစ်ပါတယ်။ အသုံးပြုရမယ့် Command တွေကတော့
-sudo apt-add-repository ppa:ubuntu-mate-dev/ppa
sudo apt-add-repository ppa:ubuntu-mate-dev/trusty-mate
sudo apt-get update && sudo apt-get upgrade
sudo apt-get install --no-install-recommends ubuntu-mate-core ubuntu-mate-desktop စတာတွေ ဖြစ်ပါတယ်။

အဆိုပါ Command တွေကို အသုံးပြုတဲ့အခါမှာ တစ်ခုချင်းစီအလိုက် Download ပြုလုပ်တဲ့ အချိန် အနည်းငယ်တော့ ကွာခြားမှာ ဖြစ်ပါတယ်။ ပြီးသွားပြီဆိုရင် Ubuntu OS ကို Restart ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Restart ပြုလုပ်ပြီးတဲ့အချိန်မှာ Boot ပြန်တက်လာတယ်ဆိုရင် User Name နဲ့ Login ဝင်တဲ့နေရာမှာ Ubuntu Mate ကိုရွေးချယ်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

0 comments:

Post a Comment