Powered by Blog - Widget

Sunday, September 14, 2014

ဖိုက်ဘာအင်တာနက်လိုင်း ဝန်ဆောင်မှု ခေတ္တရပ်ဆိုင်ထား



Aung Ko Htet (MM IT Knowledge)

ရန်ကုန်မြို့တွင် ဝန်ဆောင်မှုပေးလျက်ရှိသော ဖိုက်ဘာ အင်တာနက်လိုင်း ဝန်ဆောင်မှုအား ခေတ္တရပ် ဆိုင်ထားကြောင်း သိရသည်။

ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခေတ္တရပ်ဆိုင်းထားခြင်းဖြစ်ပြီး မကြာမီ ပြန်လည်ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း၊ နှစ်လကြာသာ ရပ်ဆိုင်းထားခြင်းဖြစ်ကြောင်း ဈေးကွက် အတွင်း မှ မေးမြန်းသိရှိရသည်။

ဖိုက်ဘာအင်တာနက်လိုင်း (Fttx) ဝန်ဆောင်မှုကို ရန်ကုန်မြို့အတွက် Fortune International နှင့် Elite ကုမ္ပဏီတို့က ဝန်ဆောင်မှုပေးလျက်ရှိသည်။ အဆိုပါစနစ်မှာ ဖိုက်ဘာအင်တာနက်လိုင်း၊ VOIP ဖုန်းဝန်ဆောင်မှုနှင့် ရုပ်သံလိုင်းတို့ကို တစ်ပြိုင်တည်း ရရှိနိုင်မည့် Triple Play ဝန်ဆောင်မှုဖြစ်သည်။ 512 Mb, 1 Mb, 2Mb နှင့် 4Mb အထိ မိမိနှစ်သက်ရာ Service Plan ကို လျှောက်ထားနိုင်မည် ဖြစ်သည်။
တပ်ဆင်ရန်အတွက် ကနဦးတပ်ဆင်ခမှာ ငါးသိန်းကျပ် ကျသင့်မည်ဖြစ်သည်။ နှစ်စဉ်ကြေး ခြောက်သောင်း ကျပ်ဖြစ်ပြီး လစဉ်ကြေးမှာ တပ်ဆင်သော Service Plan အပေါ်မူတည်၍ ကျသင့်မည် ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment