Powered by Blog - Widget

Monday, September 8, 2014

Motorola က Moto 360 စမတ်နာရီကို ဒေါ်လာ ၂၅၀ ဖြင့်ရောင်းချ



Aung Ko Htet (MM IT Knowledge)

 Motorola က Moto 360 စမတ်နာရီကို ယခင်က ကြေညာခဲ့သော်လည်း သတင်းအချက်အလက် အသေးစိတ်ကို ယခုမှ ကြေညာလိုက်ပါသည်။

Moto 360 ကို ဒေါ်လာ ၂၅၀ သတ်မှတ်ထားပြီး စက်တင်ဘာလ ငါးရက်နေ့တွင် စတင်ရောင်းချပေးလိုက်ပါသည်။ သားရေ လက်ပတ်ကြိုးများသာမက သတ္တုလက်ပတ်ကြိုးကို ရွေးချယ်နိုင်ပါသည်။ သတ္တုလက်ပတ်ကြိုးကို ရွေးချယ်လျှင် ဒေါ်လာ သုံးရာ ကျသင့်မည် ဖြစ်သည်။

၁.၅၆ လက်မ 320x290 Resolution Display တပ်ဆင်ထားပြီး တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၂၀၅ ဖြစ်ပါသည်။ မျက်နှာပြင်ကို Corning Gorilla Glass ဖြင့်ကာကွယ်ထားပါသည်။ ရေအနက် တစ်မီတာတွင် မိနစ်သုံးဆယ် ထားရှိနိုင်ပါသည်။ အလေးချိန်မှာ ၄၉ ဂရမ် ဖြစ်ပါသည်။

နှလုံးခုန်နှုန်းကို တိုင်းတာပေးနိုင်သည့်အပြင် Pedometer ပါရှိပါသည်။ TI OMAP 3 Processor နှင့် 512MB RAM, 4GB Internal Storage ပါရှိပါသည်။ စမတ်နာရီကို လှုပ်နှိုးရန် ဘေးဘက်တွင် ခလုတ်တစ်ခုပါရှိပါသည်။ Notification များကို တုန်ခါအချက်ပေးနိုင်ပြီး မိုက်ကရိုဖုန်း နှစ်ခုပါရှိပါသည်။

ဘက်ထရီ သက်တမ်းမှာ ၁၂ နာရီ ဖြစ်သည်ဟု Motorola ကပြောပါသည်။ 320mAh Battery တပ်ဆင်ထားပြီး ကြိုးမဲ့ အားသွင်းစက်ပါရှိပါသည်။
စမတ်နာရီကို Android 4.3 နှင့် သူ့အထက် စမတ်ဖုန်းများနှင့် ချိတ်ဆက်အသုံးပြုနိုင်ပါသည်။

0 comments:

Post a Comment