Powered by Blog - Widget

Monday, September 15, 2014

♪ SanDisk က 512GB SD Card ကိုရောင်းချ ♫



Aung Ko Htet (MM IT Knowledge)

ကွန်ပြူတာများ၏ ပျမ်းမျှ Storage ထက် များပြားသော SD Card ကို ၀ယ်ယူနိုင်ပြီဖြစ်သည်။ SanDisk က ကမ္ဘာ့ ပထမဆုံး ဖြစ်သော 512GB ၀င်ဆန့်သော SD Card ဖြစ်သည့် Extreme Pro SDXC ကိုကြေညာ လိုက်ပါသည်။ 1 Terabyte ၏ တစ်ဝက်မျှရှိသော ပမာဏ ဖြစ်ပါသည်။ နှိုင်းယှဉ် သုံးသပ်ကြည့်လျှင် 128GB သည် Ultrabooks အများစုနှင့် MacBook Air တို့အတွက် ထည့်သွင်းပေးထားသော အနိမ့်ဆုံး ပမာဏ ဖြစ်ပါသည်။ 256GB သည် ယနေ့ခေတ် Solid-State Disk (SSD) PC အများစုအတွက် စံနှုန်း ဖြစ်ပါသည်။

512GB သည် 4K Video များကို ရိုက်ကူးနိုင်ရန် ရည်ရွယ်ထားပြီး အချိန်နှင့် တစ်ပြေးညီ Ultra-High Video များကို ရိုက်ကူးနိုင်ပြီး SD Card တွင် သိမ်းနိုင်ပါသည်။ ဓါတ်ပုံဆရာများအနေဖြင့်လည်း မြန်နှုန်းမြင့် ဓါတ်ပုံများစွာကို တစ်ပြိုင်နက် ရိုက်ကူးနိုင်ရန် SD Card ၏ စွမ်းရည်ကို အသုံးပြုနိုင်ပါသည်။ Write Speed သည် 90 MB/s ဖြစ်ပြီး Read Speed သည် 95MB/s ဖြစ်ပါသည်။

SD Card သည် ရေ ၊ အအေးဒဏ်နှင့် ထိခိုက်မှုများအပြင် ဓါတ်ပုံဆရာများ အနေဖြင့် နေရာမရွေး ယူဆောင်အသုံးပြုရန် X-ray ရောင်ခြည်များ၏ ဒဏ်ကိုလည်း ခံနိုင်ပါသည်။

512GB SD Card ကို ဒေါ်လာ ရှစ်ရာဖြင့် ရောင်းချပေးမည် ဖြစ်သည်။ SanDisk က Extreme Pro အမျိုးအစားများအတွက် 128GB နှင့် 256GB SD Card များကိုလည်း ထုတ်လုပ်ပေးထားပါသည်။

credit to Myanmar Digital Life Journal

0 comments:

Post a Comment