Powered by Blog - Widget

Thursday, September 18, 2014

ဘဏ္ဍာရေးနှင့် နည်းပညာခိုင်မာသော ပူးပေါင်းဆောင်ရွက်မည့်သူကို ရှာဖွေရွေးချယ်နေဟု YTP ပြော


Aung Ko Htet (MM IT Knowledge)

မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများကို စတုတ္ထမြောက် အော်ပရေတာ အဖြစ် ဆောင်ရွက်မည့် ရတနာပုံတယ်လီပို့ကုမ္ပဏီအနေဖြင့် ပူးပေါင်းဆောင်ရွက်မည့်သူကို ရွေးချယ်နေဆဲဖြစ် ကြောင်း ရတနာပုံတယ်လီပို့အများပိုင် ကုမ္ပဏီ၏ Head of Department ဒေါ်နီလာအေးကပြောသည်။



“မြန်မာနိုင်ငံရဲ့ ဒုတိယမြောက် အော်ပရေတာ အဖြစ်ပြင်ဆင်နေပါတယ်။ အောင်မြင်တဲ့ တယ်လီကွန်း အော်ပရေတာ ပတ်ဝန်းကျင်အဖြစ် ဆောင်ရွက်ဖို့ ဘဏ္ဍာရေးနဲ့ နည်းပညာခိုင်မာတောင့်တင်းတဲ့ ပါတနာ  ကို ရွေးချယ်နေပါတယ်” ဟု ဒေါ်နီလာအေးက ပြောသည်။




YTP အနေဖြင့် ပူးပေါင်းဆောင်ရွက်မည့်သူကို သြဂုတ်လ အတွင်း ရွေးချယ်သွားမည်ဟု ပြောကြားဖူးခဲ့သော်လည်း လက်ရှိအချိန်ထိ ထုတ်ပြန်ပြောကြားခဲ့ခြင်း မရှိသေးပေ။ လက်ရှိ ISP ဝန်ဆောင်မှုများ ပေးနိုင် ရန် ပြင်ဆင်ခြင်း၊ ပြုပြင်ထန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံသားတိုင်း YTP ၏ အစိတ်အပိုင်းတစ်ခုဖြစ်နိုင်ရန် ဆောင်ရွက် လျက်ရှိကြောင်း ဒေါ်နီလာအေးက ပြောကြားခဲ့သည်။
 
credit to Internet Journal

0 comments:

Post a Comment