Powered by Blog - Widget

Wednesday, September 10, 2014

Apple က ဘာရောင်းရောင်း အရင်ဝယ်မယ့် သူတွေ



Aung Ko Htet (MM IT Knowledge)
 

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က စလို့ ဗြိတိန်နိုင်ငံက Apple Store အရှေ့မှာ အတန်းစီတဲ့ သူတွေ ရှိပါပြီ။ ဗြိတိန်တင် မက တစ်ကမ္ဘာလုံးက Apple Store အတော် များများမှာ တန်းစီ စောင့်ဆိုင်းနေကြပြီ ဖြစ်ပါတယ်။

Apple ဟာ လာမယ့် ၉ ရက်နေ့မှာ iPhone 6 နဲ့ အခြားသော Product အသစ် များကို မိတ်ဆက်ပြသမှာ ဖြစ်ပါတယ်။ မိတ်ဆက်ပြသပြီး ၁၀ ရက်သာ ခြားလို့ ရောင်းချသွားမှာမို့ ခုကတည်းက ပထမဆုံး Apple ပစ္စည်း ပိုင်ဆိုင်ရရှိသူများ ဖြစ်အောင် စောင့်ဆိုင်းနေကြခြင်း ဖြစ်ပါတယ်။ ယခု နှစ်က အရင်နှစ်များကထက် နှစ်ပတ် စောလို့ ဆိုင်ရှေ့ စောင့်ဆိုင်းကြခြင်း ဖြစ်ကြောင်း ဆိုပါတယ်။ ယခု ဆိုရင် တန်းစီတာ ပိုလို့တောင် ရှည်လာပါပြီ။ တန်းစီ နေရာ ယူထားပြီး နေ့ရော ညပါ ဆိုင်ရှေ့မှာပဲ ရွှေ့ပြောင်း ကုလားထိုင်များနဲ့ အိပ်စက်ကြခြင်း ဖြစ်ပါတယ်။

သူတို့ဟာ Apple က ဘာရောင်းရောင်း ဝယ်ယူ အားပေးသွားကြမယ့် သူ့ရဲ့ အမာခံ ပရိတ်သတ်များ ဖြစ်ပါတယ်။ iPhone 6 ကို ၄.၇ လက်မ အရွယ်နဲ့ ၅.၅ လက်မ အရွယ် တို့ ထုတ်လုပ်ထားပြီး စမတ်နာရီ ပါ ပါဝင်မှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: dailymail
credit to အောင်ခမ်း (ရိုးရာလေး)

0 comments:

Post a Comment