Powered by Blog - Widget

Tuesday, September 16, 2014

Social Media ကို ပိုမိုမြန်ဆန်စွာ အသုံးပြုနိုင်ရေး ဆောင်ရွက်မည်ဟုဆို



Aung Ko Htet (MM IT Knowledge)

Facebook, Twitter အစရှိသော Social Media ကို ပိုမိုမြန်ဆန်စွာ အသုံးပြုနိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အထွေထွေမန်နေဂျာ ဦးခင်မောင်ထွန်းက ပြောသည်။



"Social Media ဘယ်လောက်အရေးကြီးလဲဆိုတာ ကျွန်တော်တို့နားလည်ပါတယ်။ အဲဒါကို ပိုမိုမြန်ဆန်စွာ အသုံးပြုနိုင်ရေး ဆောင်ရွက်သွားမယ်" ဟု ယနေ့ကျင်းပသော Myanmar Connect 2014 အခမ်းအနား တွင် ပြောကြားသည်။ မြန်မာဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် လက်ရှိတွင် ဂျပန်ကုမ္ပဏီများနှင့် ပူးပေါင်းကာ ဆက်သွယ်ရေးအော်ပရေတာဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်လျှက်ရှိပြီး အခြေခံ အဆောက် အဦ မြှင့်တင်ခြင်း၊ Fixed လိုင်းတိုးမြှင့်ခြင်း အစရှိသည့် လုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။



"ဘုရား၊ ရုံး၊ ဈေး အစရှိတဲ့ လူကြပ်တဲ့နေရာတွေ အားလုံးမှာ လိုင်းကြပ်တည်းမှုတွေ မဖြစ်ပေါ်အောင် အခြေခံ အဆောက်အဦ မြှင့်တင်ခြင်းတွေကိုလည်း ဆောင်ရွက်နေပါတယ်" ဟု ဦးခင်မောင်ထွန်း က ပြောကြား ခဲ့သည်။

0 comments:

Post a Comment