Powered by Blog - Widget

Thursday, September 18, 2014

Android နှင့် iOS တို့ဖြင့် တွဲဖက်အသုံးပြုနိုင်သော Microsoft Universal Mobile Keyboard



Aung Ko Htet (MM IT Knowledge)

Microsoft သည် Windows platform သာမက Android နှင့် iOS တို့ဖြင့်ပါ တွဲဖက် အသုံးပြုနိုင်သည့် tablet ကွန်ပျူတာ keyboard တစ်မျိုးကို မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ keyboard ကို Universal Mobile Keyboard ဟုခေါ်ဆိုပြီး လှုပ်ရှားသွားလာမှု ပြုလုပ်ရာတွင် အလွယ်တကူ သယ်ဆောင်နိုင်ရန် အတွက် ခေါက်သိမ်းနိုင်သော ဒီဇိုင်းဖြင့် ပြုလုပ်ထားသည်။

Universal Mobile Keyboard သည် မည်သည့် ထုတ်ကုန်နှင့်မဆို တွဲဖက်အသုံးပြုနိုင်သည့် Logitech မှ ထုတ်လုပ်ထားသော K480 Keyboard နှင့် ဆင်တူသည်။ သို့သော်လည်း Universal Mobile Keyboard တွင် မျှော့ကြောင်း တစ်ခုပါဝင်သောကြောင့် tablet အရွယ်အစားမျိုးစုံဖြင့် တွဲဖက် အသုံးပြုနိုင်သည်။ ထို့အပြင် Android, iOS နှင့် Windows mode အသီးသီးပြောင်းလဲနိုင်သော ခလုတ်တစ်ခုလည်း ပါဝင်သည်။

အခြား Keyboard များကဲ့သို့ပင် built-in function ခလုတ်များစွာ ပါဝင်ပြီး media playback, search function နှင့် အသံအတိုးအကျယ်တို့ကို ပြုလုပ်နိုင်သည်။ Keyboard ၏ အောက်ခြေ ဘယ်ဘက်ခြမ်းတွင် home ခလုတ်တစ်ခုနှင့် iOS အသုံးပြုသူများအတွက် command key တစ်ခု ပါဝင်လာသည်။ ၎င်း Universal Mobile Keyboard တွင် အားတစ်ကြိမ်သွင်းရုံဖြင့် ခြောက်လခန့် အသုံးပြုနိုင်သော ဘက်ထရီ ပါဝင်လာပြီး ၎င်းဘက်ထရီကို ၁၀ မိနစ်ခန့် အားသွင်းပါက တစ်ရက်ခန့် အသုံးပြုနိုင်သည်။ အဆိုပါ Keyboard ကို အောက်တိုဘာလတွင် ဒေါ်လာ ၇၉.၉၅ ဖြင့် ရောင်းချသွားမည် ဖြစ်သည်။

Ref: CultofAndroid

0 comments:

Post a Comment