Powered by Blog - Widget

Thursday, September 18, 2014

Windows Operating System တွင် Diskcryptor ကို ထည့်သွင်းအသုံးပြုခြင်း



Aung Ko Htet (MM IT Knowledge)

Windows Operating System အသုံးပြုသူတွေ အနေနဲ့ကိုယ့်ရဲ့ Hard Disk အတွင်းမှာရှိတဲ့ အချက် အလက်တွေကို လုံခြုံစိတ်ချစွာ သိမ်းဆည်းချင်တယ်ဆိုရင် Diskcryptor ကို ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါ တယ်။ Diskcryptor ဟာ Partition တွေကို အပိုင်းလိုက်ခွဲခြားပြီး အပိုင်းတစ်ခုချင်းစီကို လုံခြုံစိတ်ချစေရန် အတွက် Password   ဖြင့် ကာကွယ်ကာ ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။

Diskcryptor ကို အသုံးပြုဖို့အတွက် ပထမဆုံး http:/ goo.gl/UI9Aih ဆို တဲ့ ဝက်ဘ်ဆိုက်လိပ်စာမှာ Diskcryptror ကိုသွားရောက် Download ပြုလုပ်ရမှာဖြစ်ပါတယ်။ Download ပြုလုပ်ပြီးပြီိဆိုရင် Install ပြုလုပ် ပြီး ကိုယ့်ရဲ့ Windows ကို Restart ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ Restart ပြုလုပ်ပြီးသွားပြီ ဆိုရင် Windows UAC ( User Access Control) ပေါ်လာမှာဖြစ်ကာ Yes Button ကိုနှိပ်ပြီး ဆက်သွား ရမှာ ဖြစ်ပါ တယ်။ ပြီးသွားရင် Diskcryptor ပေါ်ကနေ  ကိုယ်အသုံးပြုချင်တဲ့ Partition တွေကို Select ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Select ပြုလုပ်ထားတဲ့ Partition တွေကို Encrypt ပြုလုပ်ဖို့အတွက် Encrypt Button ဆိုတဲ့ ခလုတ်ကို နှိပ်ပေးရမှာ ဖြစ်ပါတယ်။ Encrypt ပြုလုပ်ထားတဲ့ Partition ဒါမှမဟုတ် Device တွေကိုတော့ Password နဲ့ ကာကွယ်ပေးထားမှာ ဖြစ်ပါတယ်။

Encrypt ပြုလုပ်တဲ့ အခါမှာလည်း လိုအပ်သလို Setting တွေကို ချိန်ညှိနိုင်စေဖို့အတွက် Encrypt Setting ကို ထည့်သွင်းပေးထားပါတယ်။ အကယ်၍ Encrypt ပြုလုပ်ထားတဲ့ Partition ကို အသုံးပြု လိုတယ်ဆိုရင် Decrypt ပြန်လည် ပြုလုပ်ပေးရမှာ ဖြစ်ပါ တယ်။ Decrypt ပြုလုပ်ဖို့အတွက် ကိုယ် ပြုလုပ်ချင်တဲ့ Device ကို Select မှတ်လိုက်ပါ။ ပြီးသွားရင် Decrypt Button ကိုနှိပ်ပြီး Decrypt ပြုလုပ် နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဆောဖ့်ဝဲမှာ Device တွေကို Mount ပြု လုပ်နိုင်ဖို့နဲ့ Unmount ပြန်လည်ပြုလုပ်ဖို့အတွက်လည်း စီစဉ်ဖန်တီးပေးထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲဟာ Linux Platform ပေါ်မှာ အသုံးပြုတဲ့ TrueCrypt ဆော့ဖ်ဝဲနဲ့ ဆင်တူတဲ့ ဆော့ဖ်ဝဲ တစ်ခုဖြစ်ပြီး Windows Platform ပေါ်မှာ အသုံးပြုနိုင်အောင်  စီစဉ်ဖန်တီးထားတဲ့  ဆောဖ့်ဝဲတစ်ခု ဖြစ်ပါတယ်။

Internet Journal

0 comments:

Post a Comment