Powered by Blog - Widget

Thursday, September 18, 2014

Google က မောင်းသူမဲ့ Drone ယာဉ်ပျံများဖြင့် အင်တာနက် ထုတ်လွှင့်ပေးနိုင်သော နည်းပညာကို စမ်းသပ်ရန် စီစဉ်


Aung Ko Htet (MM IT Knowledge)
 
Google က အင်တာနက် ထုတ်လွှင့်ပေးနိုင်သော Drone မောင်းသူမဲ့ ယာဉ်ပျံများကို စမ်းသပ်ရန် အမျိုးသား ဆက်သွယ်ရေး ကော်မရှင်ထံတွင် ခွင့်ပြုချက်တောင်းခံနေပါသည်။

Google သည် မြင့်မားသော လေထုထဲတွင် ကြာရှည်စွာ ပျံသန်းနိုင်သော နေရောင်ခြည်စွမ်း အင်သုံး မောင်းသူမဲ့ Drone ယာဉ်ပျံများကို တီထွင်သည့် Titan Aerospace ကို မကြာမီက ၀ယ်ယူခဲ့ပါသည်။ အဆိုပါ ယာဉ်ပျံများဖြင့် အင်တာနက် ထုတ်လွှင့်ပေးနိုင်ရုံသာမက ရေနံယိုဖိတ်မှုများနှင့် သစ်တောများကို တရားမ၀င် ခုတ်ယူခြင်းများကဲ့သို့ သဘာဝ ပတ်ဝန်းကျင် ပျက်ဆီးမှုများကို စောင့်ကြည့်နိုင်ပါသည်။

Google က Titan Aerospace ကို ဧပြီလတွင် ၀ယ်ယူခဲ့ပြီး Project Loon နှင့် ပူးပေါင်း လုပ်ကိုင်ရန် ဖြစ်ပါသည်။ Project Loon သည် အင်တာနက် မရရှိသော နိုင်ငံများတွင် မိုးပျံပူဖေါင်းများဖြင့် အင်တာနက် ထုတ်လွှင့်ပေးရန် တီထွင်နေသည့် စီမံကိန်း ဖြစ်ပါသည်။ Google သည် နိမ့်ပါးသော ကမ္ဘာပတ်လမ်းကြောင်းတွင် Satellite များဖြင့် အင်တာနက် ထုတ်လွှင့်ပေးရန်လည်း စီစဉ်နေပါသည်။ Titan ၏ Drone များသည် နေရောင်ခြည် စွမ်းအင်ကို အသုံးပြုပြီး ငါးနှစ်ကြာ မရပ်မနား ပျံသန်းနိုင်ပါသည်။

Google က အောက်တိုဘာလ ၆ ရက်နေ့မှ စတင်ကာ ရက်ပေါင်း ၁၈၀ ကြာ Drone များစမ်းသပ်ခွင့်ကို တောင်းဆိုထားပါသည်။ New Mexico ရှိ Santa Fe တောင်ပိုင်းနှင့် Albuquerque အရှေ့ပိုင်းတွင် စမ်းသပ်ရန် စီစဉ်ထားပါသည်။ 


Google က Drone ယာဉ်ပျံ အသေးလေးများဖြင့် ကုန်ပစ္စည်းများ ပို့ဆောင်ပေးသော နည်းပညာကိုလည်း စမ်းသပ်နေသည်ဟု မကြာမီက သတင်းရရှိထားပါသည်။


Myanmar Digital Life Journal

0 comments:

Post a Comment