Powered by Blog - Widget

Wednesday, September 10, 2014

Tesla က Model S လျှပ်စစ်ကားများကို ဂျပန်တွင် ပထမဆုံး အကြိမ် ရောင်းချ



Aung Ko Htet (MM IT Knowledge)
 
Tesla Motors က လျှပ်စစ် စွမ်းအင်သုံး Model S ကားများကို ဂျပန်တွင် ပထမဆုံး အကြိမ်ရောင်းချပေးလိုက်ပါသည်။

Tesla က တိုကျိုမြို့ရှိ အိုယာမာတွင် အရောင်းဆိုင်ဖွင့်လှစ်ပေးလိုက်ပြီး တိုကျိုမြို့ နာကာ အိုင်ကီဂမီနှင့် ယိုကိုဟားမားတွင် Service Center တစ်ခုစီ ဖွင့်လှစ်ပေးလိုက်ပါသည်။ ယိုကိုဟားမားတွင် Supercharger အားသွင်းစက် လေးလုံး ထားရှိပေးထားပြီး တိုကျိုရှိ Grand Hyatt Hotel တွင် အားသွင်းစက် နှစ်လုံး တပ်ဆင်ပေးထားပါသည်။

ဂျပန်နိုင်ငံသာမက နိုင်ငံတိုင်းတွင် လျှပ်စစ်ကားများ ရောင်းချရန် အတွက် အားသွင်းစက်များသည် မရှိမဖြစ် အရေးပါပါသည်။ Tesla မှ ပြောရေးဆိုခွင့်ရှိသူက ဂျပန်တွင် ပိုမိုကျယ်ပြန့်သော အားသွင်းစက် ကွန်ရက်များ တည်ဆောက်ရန် စီစဉ်နေသည်ဟု ပြောပါသည်။ လောင်စာဆီသုံး မော်တော်ကားများကို ယှဉ်ပြိုင်ရန် အားသွင်းစက်များသည် Tesla ၏ အသက်သွေးကြော ဖြစ်ပါသည်။

Tesla သည် အမေရိကတွင် အားသွင်းစက်ရုံ ၁၁၁ ခု၊ ဥရောပတွင် ၆၁ ခု၊ ဟောင်ကောင်နှင့် တရုတ်တွင် အဓိက ထား၍ အာရှတွင် ၁၃ ခုတည်ဆောက်ပေးပြီး ဖြစ်ပါသည်။ အမေရိကတွင် အားသွင်းစက် ကွန်ရက် အကြီးဆုံး ဖြစ်ပြီး အခြားနိုင်ငံများတွင် အားသွင်းစက်များ တည်ဆောက်ပေးရန် လိုအပ်နေသေးသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။


credit to MDL

0 comments:

Post a Comment